ဗားချိန်နည်း / တိုက်ပစ် ချိန်နည်း

 

ဗားချိန်နည်း / တိုက်ပစ်ချိန်နည်း

💥 " ဗားချိန်ခြင်း " 💥

စက်ဆရာပဲ.ဖြစ်ဖြစ်
Engine တစ်လုံးတွင်
အရုန်းအစွဲကျလာခြင်း
စက်သံဆူညံသံ..မူမမှန်သံများကြားခြင်းဟတ်ဂတ်စဂတ်ပေါက်ခြင်းများတို့တွင်ပြန်လည်တပ်ဆင်ပြီးသည့်အချိန်တွင် ဗားနှင့် ရော့ကားအမ်းမောင်းအကြား..ကြားလွတ်တန်ဖိုးတစ်ခုကို...ပြန်ချိန်ပေးရမည်မှာ...မလွဲသာပေ...ဒါကြောင့်ဗားချိန်နည်းလေးကို...သိသလောက်တက်သလောက်...အတွေ့ကြုံနှင့်...မျှဝေပေးလိုက်ပါရစေ...

4 stroke အင်္ဂျင်ဖြစ်သည့်အတွက်
Stroke 4 မျိုးကိုတော့..ပိုင်မှဖြစ်ပါမည်..
Stroke 4 မျိုးမှာ
၁ intake stroke...ပြင်ပမှလေကိုဆလင်ဒါအတွင်းသွင်းယူခြင်း
၂...compression stroke..ဆလင်ဒါအတွင်း..သွင်းယူပီးသောလေကို.ဖိသိပ်၍ပူအောင်လုပ်ခြင်း
၃...power stroke& ပူနေသောလေအတွင်းသို့ လောင်စာဆီဖျန်း၍ပေါက်ကွဲမူ့ဖြစ်ပီး...ပါဝါအားရရှိခြင်း
၄...Exhaust stroke ပေါက်ကွဲ၍ဖြစ်ပေါ်လာသော..မီးခိုးငွေ့များကိုအင်္ဂျင်ပြင်ပသို့စွန့်ထုပ်ခြင်း...တို့ဖြစ်ပါတယ်..

၄.လုံးထိုးအင်္ဂျင်နှင့်..၆.လုံးထိုးအင်္ဂျင်တို့ကိုအခြေခံပီး...ပြောပြပေးသွားမှာဖြစ်ပါတယ်
ဗားချိန်ရာတွင်....နည်းလမ်း..4...မျိုးရှိပါတယ်

...... ဗားချိန်နည်းလမ်း 4 မျိုး....

1.. ချိန်နည်း...ပစ်စတင်တစ်လုံးစီpower stroke ရှာ၍ ချိန်နည်း

2...ချိန်နည်း....နော်ဇယ်အဝင်ဆီပိုက်ကိုလျှော့ထား၍ဆီတွန်းသည့်ပစ်စတင်ကိုချိန်နည်း[မှတ်ချက်] CRS စနစ်တွင်..မရပါ.

3...သတ်မှတ်ထားသည့် fireing order မီးပေါက်စဉ်အတိုင်း..ချိန်နည်း
4 လုံးထိုး 1-3-4-2
6 လုံးထိုး 1-4-2-6-3-5
6 လုံးထိုး 1-5-3-6-2-4

4.....ချိန်နည်း နံပါတ်တစ်ပစ်စတင်ကိုသာလျှင်ကြည့်၍.. ချိန်နည်း
တို့ဖြစ်ပါတယ်....

............အကျယ်ရှင်းလင်းခြင်း......

1...ချိန်နည်းနှင့်
2...ချိန်နည်းတို့မှာ...အဖြေပါပြီးသားမို့ရှင်းမပြတော့ပါ

3...ချိန်နည်း..4..လုံးထိုးအတွက်

လေးလုံးထိုးဆိုလျှင်သိရမှာက..အပေါ်မှာပြောခဲ့သလို...မီးပေါက်စဉ်တိုင်ပင်သိရပါမယ် 1-3-4-2 ဆိုသည့်အတိုင်း..1 ကနေစပီးတော့ချိန်ပါမယ် 1.စချိန်မယ်ဆိုလျှင်
1 ပစ်စတင်နှင့်အတူ...အတက်အဆင်းအတူတွဲနေသည့် ပစ်စတင် နံပါတ် 4...ရဲ့အင်းတိတ်ဗား အထောက်ကိုကြည့်ရပါမယ်...ဘာလို့အင်းတိတ်ဗားအထောက်ကိုကြည့်ရသလဲဆိုရင် အတက်အဆင်းအတူတွဲနေတဲ့ ပစ်စတင်နှစ်လုံးမှာတစ်လုံးကအင်းတိတ်ဆို ကျန်တစ်လုံးကပါဝါဖြစ်နေလို့ပါပဲ...ဒါကြောင့်နံပါတ်4 ပစ်စတင်ရဲ့အင်းတိတ်ထောက်တာနဲ့...နံပါတ် 1 ပစ်စတင်ချိန်လို့ရပါပီ.....ဟုတ်ပီ 1 ပ

Comments